ကမ္ဘာပေါ်က အင်္ဂါဂြိုလ် သို့မဟုတ် Grand Canyon

Grand Canyon ဟာ အမေရိကန်ပြည်ထောင်စု အရီဇိုးနား ပြည်နယ်မှာတည်ရှိပါတယ်။လွန်ခဲ့သော နှစ်ပေါင်း သန်း ၆၀ ‌ခန့် က ရော့ကီး ‌တောင်တန်းတွေ (Rocky Mountains) နဲ့  ကော်လိုရာဒို ကုန်းပြင်မြင့် (Colorado Plateau) တို့က ကမ္ဘာ့မြေချပ်လွှာ တွေ ပွတ်တိုက်မှု (Tectonic Activity) ကနေဖြစ်ပေါ်လာပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ သန်း ခန့်မှစပြီး ရော့ကီတောင်တန်း (Rocky Mountains) တွေကနေ မြစ်ဖျားခံလာတဲ့ ကော်လိုရာဒို မြစ်ကြီး (Colorado River) က ကောလိုရာဒို ကုန်းပြင်မြင့်ကို ဖြတ်သန်းစီးဆင်း ခဲ့ပါတယ်။ကော်လိုရာ ဒို မြစ်က ဓားသွားကဲ့သို့ပင်မှတ် ယူရလောက်အောင် ပင် Grand Canyon ကြီးဖြစ်လာ‌အောင် ကော်လိုရာဒို ကုန်းပြင်မြင့်ကို တိုက်စားလိုက်ပါတယ်။ကမ္ဘာကြီးရဲ့ မြေလွှာတွေဟာ Grand canyon ဖြစ်ပေါ် ရာနေရာတွင် ကမ္ဘာမြေလို့ မထင်ရလောက်အောင်ပင် ဆိုးရွားစွာ တွန့်လိပ် နေကြတာကို အာကာသက ကြည့်ရင်ပိုပြီးသိသာ လှပါတယ် ပုံ(၂) တွင်ကြည့်ပါ။


 ပုံ (၁)


from Google Earth ပုံ (၂)
 
ထူးဆန်းမှုနောက်တစ်ခုကတော့ Rattle snake လို့ခေါ်တဲ့ မြန်မာလို ခလောက်မြွေ မျိုးများဟာ grand canyon တဝိုက်မှာ တွေ့ ရတတ်ပါတယ်။ပြီးတော့ rattle snake ခလောက်မြွေကို ပန်းရောင်သန်းနေတဲ့ မျိုးစိတ်များကလည်း တစ်ကမ္ဘာ လုံးမှာ မတွေ့ရပဲ Grand Canyon မှာသာတွေ့ရပါတယ်။

Normal Rattlesnake 

Pink color Rattlesnake

Grand Canyon ရဲ့ထူးဆန်းမှုများနှင့် လှပနေမှုများကို အောက်တွင် ရှုစားနိုင်ပါတယ်

ပုံ (၃)

ပုံ(၄)

ပုံ (၅)

ယခုထက်ပိုသိချင်ရင်တော့စာဖတ်သူများအနေဖြင့် google earth တွင်သော်််််လည်းကောင်း
Wikipedia တွင်သော်််််လည်းကောင်း ပိုမိုစုံလင်စွာ ဖတ်ရှုနိုင်ပါတယ် ။
source:Wikipedia

Comments

Popular posts from this blog