အနုမြူ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ (Nuclear Reactors)

ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာပေါ်တွင် တိုးတက်ပြီးနိုင်ငံ များ၌ အနုမြူ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများဖြင့် လျှပ်စစ် ဓာတ်အားပမာဏများစွာကို ထုတ်လုပ်သုံးစွဲ နေတာ ရာစုနှစ်တော်တော်ကြာခဲ့ပါပြီ။
အနုမြူ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ များကို အမျိုးအစား အားဖြင့် (၆) မျိုး ခွဲခြားထားပါတယ်။
အမျိုးအစားကိုလိုက်ပြီး အမည်ခွဲခြားထားတာကတော့အောက်ပါအတိုင်းဖြစ်ပါတယ်>>>

၁။ Magnox(basic gas cooled reactor)

၂။ AGR (advanced gas cooled reactor)

၃။ CANDU(pressurized heavy water reactor)

၄။ PWR(pressurized water reactor)

၅။ BWR(boiling water reactor)

၆။ RBMK(reactor boiling light water, graphite moderated reactor)

ယခုတစ်ခေါက်မှာတော့  Magnox nuclear reactor အကြောင်းကို ဖော် ပြပေးသွားမှာဖြစ်ပါတယ်။


၁။Magnox (basic gas cooled reactor)


ဒီ အမျိုး အစား reactor တွေကို  United Kingdom လို့ခေါ်တဲ့ British Emperor မှာ 1965-1971 ခုနှစ်အတွင်း တည်ဆောက် အသုံးပြုတာကိုတွေ့ ရပါတယ်။ Magnox reactor တွေဟာ ယူ‌ရေနီံယံ ကိုလောင်စာ အဖြစ်အသုံးပြုပြီး graphite များကို ဓာတ်ပြုရာတွင် တည်ငြိမ်စေဖို့အတွက် အသုံးပြုတည်ဆောက်ထားပါတယ်။အအေးခံမှု အပိုင်းမှာတော့ carbon dioxide CO2 ကိုအသုံးပြုပြီး reactor ကိုအေးစေပါတယ်။Magnox reactor ကိုနောက်တစ်မျိုးအားဖြင့် basic gas cooled reactor လို့လည်းခေါ်ပါတယ်။


Comments

Popular posts from this blog